၁၁ ဖေဖော်ဝါရီ

 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်တွင် ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ နစ်ဆန်း မော်တော်ကား စက်ရုံတစ်ခုသည် ထုတ်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားရန် စီစဉ်နေသည်။

 

ဂျပန်နိုင်ငံ ဖူကူကိုကာစီရင်စုရှိ နစ်ဆန်းစက်ရုံသည် ပြည်ပသို့ ခရီးသည်တင်ကားနှင့် လျှပ်စစ်ကားများကို တင်ပို့ ထုတ်လုပ်ခြင်းဖြစ်သည်။

 

5

 

သို့သော်လည်း တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့်အတွက် တချို့သော အစိတ်အပိုင်းများကို တရုတ်နိုင်ငံမှ ဝယ်ယူရန်မဖြစ်နိုင်သေးသည့်အတွက် ကားလုပ်ငန်းကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

နစ်ဆန်းစက်ရုံသည် ယခုအပတ်သောကြာနေ့နှင့် နောက်အပတ်တနင်္လာနေ့အထိ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရန် စီစဉ်ထားလျက်ရှိသည်။

 

ရောဂါဖြစ်ပွားမှု၏ ကွင်းဆက် ပြဿနာများကြောင့် ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ် ထုတ်လုပ်မှု ရပ်နားခြင်းလိုက်ခြင်း ဖြစ်သည်။

 

ပေကျင်း၊ ရှန်ဟိုင်းနှင့် အခြားတရုတ်နိုင်ငံရှိ မြို့ကြီးများတွင် နှစ်သစ်ကူး အားလပ်ရက်ကုန်ဆုံးပြီးဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းအများအပြားကို ယမန်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

 

သို့သော်လည်း ထုတ်လုပ်သူများအနေဖြင့် အချိန်ပြည့်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် အချိန်ယူရဖွယ်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်