၂၇ ဖေဖော်ဝါရီ

 

ဥရောပတစ်ဝိုက်မှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေသော နိုင်ငံ(၁၆)ခုနဲ့ ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးကူးစက်ခံအရေ အတွက်နဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စာရင်းကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။

 

(၁) အီတလီ

ဥပရောနိုင်ငံတွေထဲမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၄၀၀ ဦးနဲ့ သေဆုံးသူ ၁၂ ဦး ရှိပါတယ်။ ကူးစက်ခံရသူ အများစုမှာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့တဲ့ ဒေသတွေကို သွားရောက်ပြီး အီတလီနိုင်ငံကို ပြန်လည်ရောက်ရှိသူများ ဖြစ်ပါတယ်။

 

(၂) ပြင်သစ်

ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ၁၈ ဦးရှိပြီး ၂ ဦး သေဆုံးကြောင်း သိရပါတယ်။ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အီတလီနိုင်ငံ လွန်ဘတ်ဒီနဲ့ ဗင်းနစ်မြို့တွေကနေ ပြန်ရောက်လာတဲ့ ကျောင်းသူကျောင်းသားတွေကို သီတင်းနှစ်ပတ်တိတိ သီးသန့်ခွဲနေရန် အကြံပြုထားပါတယ်။

 

(၃)ဂျာမနီ

ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ၁၈ ဦးရှိကြောင်း အင်္ဂါနေ့က ထုတ်ပြန်ထားပါတယ်။

 

(၄)ဗြိတိန်

ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ၁၃ ဦးရှိကြောင်း၊ အီတလီနိုင်ငံမြောက်ပိုင်း၊ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေက ပြန်လည်ရောက်ရှိလာသူတွေကိုလည်း လူအများနဲ့ သက်ဆိုင်တဲ့နေရာတွေကို မသွားရောက်ပဲ သီးခြားနေထိုင်ရန် အကြံပြုထားပါတယ်။

 

(၅)စပိန်

စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရသူ ၁၂ ဦးရှိကြောင်း သိရပါတယ်။

 

(၆)ခရိုအေးရှား

အီတလီနိုင်ငံမှာ နေထိုင်ဖူးသူ လူငယ်တစ်ဦးနဲ့ သူ့အကို၊ အီတလီနိုင်ငံ ပါမားမှာ အလုပ်လုပ်သူ အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးမှာ ကိုဗစ်19 ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

(၇)ဩစတေးလျ

ကိုဗစ်19 ဗိုင်းရပ်စ်ပိုးရှိသူ အီတလီနိုင်ငံသား နှစ်ဦးထဲမှာ အမျိုးသမီးဖြစ်သူဟာ  မြို့တော် အင်းစဘတ်ရှိ ဟော်တယ်တစ်ခုမှာ ဧည့်ကြိုအလုပ်လုပ်ခဲ့တဲ့အတွက် ဟော်တယ်တစ်ခုလုံးကို မနေ့က ယာယီ ပိတ်လိုက်ပြီး နောက်ပိုင်းမှာ ပြန်လည်ဖွင့်ပေးလိုက်ကြောင်း သိရပါတယ်။ အီတလီနိုင်ငံတွင်းက ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသော နေရာကို နိုင်ငံသားတွေ သွားရောက်မလည်ပတ်ဖို့ ဆော်ဩထားပါတယ်။

 

(၈)ဖင်လန်

ကိုဗစ်19 ဗိုင်းရပ်စ်  ပိုးကူးစက်ခံရသူ နှစ်ဦးကို တွေ့ရှိကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ရာ တစ်ဦးမှာ တရုတ်နိုင်ငံသား ခရီးသွားဖြစ်ပြီး နောက်တစ်ဦးမှာ အီတလီမြောက်ပိုင်း သွားရောက်လည်ပတ်ပြီး ပြန်လည်ရောက်ရှိလာတဲ့ ဆွီဒင်နိုင်ငံသား တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

 

(၉)ဆွီဒင်

ဇန်နဝါရီလဆန်းပိုင်းက ဝူဟန်မြို့က ပြန်လည်ရောက်သူ အမျိုးသမီးတစ်ဦးမှာ ကိုဗစ်19ဗိုင်းရပ်စ်  တွေ့ရှိခဲ့ပြီး မနေ့(ဗုဒ္ဓဟူးနေ့)မှာ ဗိုင်းရပ်စ် ကူးစက်ခံနေရသူ နောက်တစ်ဦးရှိကြောင်း အတည်ပြုပြောကြားပါတယ်။

 

(၁၀)ဘယ်လ်ဂျီယမ်

ဖေဖော်ဝါရီလဆန်းက ဝူဟန်မြို့ကနေ ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသားတစ်ဦးမှာ ကိုဗစ်19ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပေမယ့် အခုချိန်မှာ အဲဒီအမျိုးသားဟာ သီးသန့်ခွဲခြားထားမှု ပြီးစီးသွားပြီဖြစ်ပါတယ်။

 

(၁၁)ဂျော်ဂျီယာ

တောင်ပိုင်း ကော်ကေးဆပ်ဒေသမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်ဦးတွေ့ရှိကြောင်း  ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

(၁၂)ဂရိ

အီတလီမြောက်ပိုင်းမှာ ပြန်လည်ရောက်ရှိလာသော အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း  အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လူအများအပြားမှာသာ ကူးစက်ခဲ့ရင် ခရီးသွားလာခြင်းကို တားမြစ်တာမျိုးနဲ့ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံ၊ အားကစားရုံနဲ့ လုပ်ငန်းတွေမှာ ယာယီပိတ်ပင်တာမျိုးပါ လုပ်ဆောင်မယ်လို့ ထည့်သွင်းပြောကြားပါတယ်။

 

(၁၃)‌မြောက်မက်ဆီဒိုးနီးယား

အီတလီနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အမျိုးသမီး တစ်ဦးမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း  အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

(၁၄)ဆွစ်ဇာလန်

အီတလီနိုင်ငံ မီလန်မြို့အနီးကို သွားရောက်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာသော ဆွစ်ဇာလန်နိုင်ငံသား အသက် ၇၀ နှစ် ဝန်းကျင်မှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း  အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

(၁၅)ရိုမေးနီးယား

ပြီးခဲ့တဲ့ သီတင်းပတ်က အီတလီက လာရောက်လည်ပတ်သူတစ်ဦးနဲ့ ထိတွေခဲ့တဲ့ ရိုးမေးနီးယားနိုင်ငံသားတစ်ဦးမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း မနေ့(ဗုဒ္ဓဟူးနေ့) က အတည်ပြုပြောကြားပါတယ်။

 

(၁၆) နော်ဝေ

တရုတ်နိုင်ငံကနေ ပြီးခဲ့တဲ့ သီတင်းပတ်က ပြန်လည်ရောက်ရှိလာတဲ့ နော်ဝေနိုင်ငံသားတစ်ဦးမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း နော်ဝေကျန်းမာရေးအဖွဲ့က မနေ့(ဗုဒ္ဓဟူးနေ့)က အတည်ပြုပြောကြားပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဟာ စိုးရိမ်စရာ မရှိကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

 

MDN
ကိုးကား- AFP