၂၁ ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဧပြီလကုန်ပိုင်းမှာ စတင်စမ်းသပ်မယ်လို့ တာဝန်ရှိသူတစ်ဦးက ဒီနေ့(သောကြာနေ့) မှာ ပြောကြားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ ကုသရေးအတွက် ကမ္ဘာတစ်ဝန်းမှာ အစိုးရနဲ့ ပုဂ္ဂလိက သုတေသနအဖွဲ့တွေက စမ်းသပ်လုပ်ဆောင်နေပါတယ်။ တရုတ်သိပ္ပံနဲ့နည်းပညာ ဒုဝန်ကြီးက ကာကွယ်ဆေးအတွက် နည်းပညာအမျိုးမျိုးနဲ့ သုတေသနအဖွဲ့ သုံး၊ လေးဖွဲ့က လုပ်ဆောင်နေပါတယ်။ ကာကွယ်ဆေးကို ဧပြီလကုန်ပိုင်းမှာ စတင်သုံးစွဲမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

 

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက တစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲလောက် အချိန်ယူပြီးမှ ထုတ်လုပ်နိုင်မယ်လို့ အင်္ဂါနေ့က ပြောပါတယ်။

 

တရုတ်နိုင်ငံမှာ ကာကွယ်ဆေးအတွက် နည်းလမ်းငါးမျိုးနဲ့ ချဉ်းကပ် လေ့လာနေတာဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်အဖွဲ့ရဲ့ လက်ထောက်ဒါရိုက်တာက ပြောပါတယ်။

MDN

ကိုးကား -AFP