ဘာလင် ၁၇ မတ်
ဂျာမနီဓာတ်ခွဲခန်း၌ တီထွင်ထုတ်လုပ်ရန် စမ်းသပ်ဆောင်ရွက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့က သူ့ထက်ငါ ဦးစွာအပြိုင်အဆိုင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း Die Welt သတင်းစာက မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် လူပေါင်း ၅၅၀၀ ကျော်ကို သေဆုံးစေခဲ့ပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို ဖော်စပ်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေသည့် ဂျာမန်သိပ္ပံပညာရှင်များကို ရယူနိုင်ရေး သမ္မတထရမ့်က ကြိုးပမ်းနေကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စု အတွင်း၌ ကာကွယ်ဆေးထုတ်လုပ်မှုအတွက် သီးသန့်လိုင်စင်ရရှိရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့သော ကာကွယ်ဆေးသည် အမေရိကန်ပြည်ထောင်စု အတွက်သာဖြစ်လာမည်ဟု ဂျာမနီအစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက Die Welt သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရသည်။
အေအက်ဖ်ပီ


