၂၇ ဖေဖော်ဝါရီ
ဗြိတိန်နိုင်ငံက သေရည်အရက်ထုတ်ကုမ္ပဏီ ဒီယာဂျီအိုရဲ့ ကုန်ပစ္စည်းတွေဟာ တစ်နှစ်အတွင်းရောင်းချမှုဟာ စတာလင်ပေါင် ၃၂၅ သန်း (အမေရိကန်ဒေါ်လာ ၄၂၂ သန်း) အထိ ရောင်းအားကျနိုင်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ဒီယာဂျီအိုကုမ္ပဏီ ထုတ်တွေပစ္စည်းတွေဟာ ဇွန်လကုန်ပိုင်းမှာ စတာလင်ပေါင် ၂၂၅ သန်း ကနေ စတာလင်ပေါင် ၃၂၅ သန်းအထိ ရောင်းအားကျနိုင်မယ်လို့ မျှော်လင့်နေကြောင်း၊ အကျိုးသက်ရောက်မှုအနေနဲ့ အမြတ်ငေွဟာလည်း စတာလင်ပေါင် ၁၄၀ သန်းကနေ သန်း ၂၀၀ အထိ ထိခိုက် သွားနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
၂၀၂၀ ဘဏ္ဍာရေးနှစ် အကုန်ပိုင်းကနေစပြီး ရောင်းအားဟာ ပုံမှန်အခြေအနေကို တဖြည်းဖြည်းနဲ့ ပြန်လည်ရောက်ရှိလာမယ်လို့ မျှော်လင့်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီယာဂျီအိုကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်း သေရည်အရက်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး နာမည်ကြီး Johnnie Walker၊ Crown Royal၊ JεB၊ Buchanan’s၊ Windsor ဝီစကီ နဲ့ တခြားသေရည်တံဆိပ်မျိုးပါ ထုတ်လုပ်ကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP


