၉ မတ်
ကမ္ဘာ့စီးပွားရေးအပေါ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မြင့်တက်လာခြင်းကြောင့် တနင်္လာနေ့ နံနက်ပိုင်းက အာရှစတော့ဈေးကွက်မှာ ကျဆင်းလာခဲ့သည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် အညွှန်းကိန်းသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကာနီးတွင် ၂ ဒသမ ၃ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။
ဂျပန်နိုင်ငံ၏ အညွှန်းကိန်းသည် ၁ ဒသမ ၈ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။
ဟောင်ကောင်၊ တောင်ကိုရီးယားနှင့်စင်ကာပူနိုင်ငံတို့၏ အညွှန်းကိန်းများသည် ၄ ဒသမ ၁ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။
ထိုင်ဝမ်နိုင်ငံမှာ ၂ဒသမ ၆ရာခိုင်နှုန်းနှင့် ဩစတြေးလျနိုင်ငံမှာ ၆ သမ ၄ ရာခိုင်နှုန်းတို့ ကျဆင်းခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အများအပြားတွင် အရေးပေါ်အဖြစ် ကြေငြာခဲ့ပြီး အီတလီနိုင်ငံမြောက်ပိုင်း ဒေသများတွင်လည်း သွားလာခွင့်ကို ကန့်သတ်ထားသောကြောင့် ရင်းနှီးမြုပ်နှံသူများကို စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဈေးကွက်ရင်းမြစ်များက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


