၂၄ ဖေဖော်ဝါရီ
တရုတ်နိုင်ငံ ဝူဟန်မြို့ခံ ဂူအိုဂျင်းဟာ မြို့အပြင်နဲ့ အိမ်အပြင်ထွက်ခွင့်မရသူ ၁၁ သန်းထဲက တစ်ယောက် ဖြစ်ပါတယ်။ ဝူဟန်မြို့ခံတွေကို ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး အသွားအလာလုပ်ခွင့်ကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဂူအိုဂျင်းဟာ သူ့အနေနဲ့ အွန်လိုင်းကနေ ရောင်းချတဲ့ အစားအစာတွေအပေါ် မှီခိုနေရကြောင်း၊ သူ့မှာ အသီးအရွက်အချဉ်နဲ့ ဘဲဥဆားငံတွေရှိတဲ့အတွက် နောက်တစ်လလောက် အပြင်မထွက်နဲ့ တားမြစ်ခဲ့မယ်ဆိုရင် စားရေးသောက်ရေး အဆင်ပြေပေမယ့် နောက်ဘယ်လောက်ကြာကြာ နေရအုံးမယ် မသိတာကို စိုးရိမ်ကြောင်း ပြောပါတယ်။ သူတို့မြို့ကို တားမြစ်ထားရာကနေ ၃ ရက်ခြား အပြင်ထွက်ခွင့်ပေးနေရာကနေ ပြန်လည်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီး ကိုဗစ်19 ဗိုင်းရပ်စ်ပိုးမပျံ့ပွားအောင် သီသန့်နေထိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာပင် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၅၀၀ ကျော်နေတဲ့အတွက် လူတွေရဲ့ နေထိုင်မှုကို တင်းကျပ်လာပါတယ်။ ဒီလအတွင်းမှာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဟာ တင်းကျပ်လွန်းပြီး၊ တစ်ချို့ဆိုရင် သူတို့ရဲ့အသက်ရှင်နေထိုင်မှုတောင် ခြိမ်းခြောက်လာကြောင်း ပြောပါတယ်။
အစားအစာတွေကို ဝယ်ယူနိုင်ရန် WeChat ကနေတစ်ဆင့်ဝယ် စတိုးဆိုင်တွေက တစ်နေ့လျှင် အော်ဒါ လက်ခံနိုင်မှု ၃၀ သာလက်ခံနိုင်ကြောင်း၊ အလုပ်လုပ်မယ်ဝန်ထမ်းမရှိကြောင်း စတိုးဆိုင်ဝန်ထမ်းတစ်ဦး က ပြောပါတယ်။
စတိုးဆိုင်ကနေ ဟင်းချက်စရာဝယ်ယူရာမှာ အာလူး၊ မုန်လာထုတ်အသေးလေးတွေအပါအဝင် ဟင်းသီးဟင်းရွက် ၅ မျိုးပါ အလေး ၆.၅ ကီလိုဂရမ်ကို ယွမ် ၅၀ ပေးရကြောင်း၊ အသီးအရွက်တွေထဲက သုံးပုံတစ်ပုံက အပုပ်ဖြစ်နေကြောင်း၊ ပေးရတဲ့ငွေနဲ့ ရတဲ့ပစ္စည်းအရည်အသွေးက မတန်ကြောင်း ဝူဟန်မြို့အစွန်မှာ နေထိုင်တဲ့ ဒေးဗစ်ဒိုင်က ပြောပါတယ်။
သုံးနှစ်အရွယ် သားငယ်တစ်ယောက်ရှိတဲ့ ဖခင် ပန် ကလည်း သူ့သားအတွက် နို့မှုန့်မရှိကြောင်း၊ တခြားဒေသမှာ နေထိုင်တဲ့ အသက် ၈၀ ကျော် ယောက်ခမတွေအတွက် ဆေးဝါးမပို့ပေးနိုင်ကြောင်း၊ အခုအခြေအနေက ဒုက္ခသည်တွေလို ဖြစ်နေကြောင်း၊ ဘယ်သူကမှလည်း သူတို့ကို ဂရုမစိုက်ကြောင်း ပြောပါတယ်။
MDN
ကိုးကား - AFP


