၂၅ မတ်

 

ရုရှားလွှတ်တော်အမတ်တွေက ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သီးသန့်ခွဲခြားနေရရန် ပြောဆိုခံထားရသူ မလိုက်နာခဲ့ရင် ထောင်ဒဏ် ၇ နှစ်အထိချမှတ်ရန် ဉပဒေမူကြမ်း တစ်ရပ်တင်သွင်းကြပါတယ်။ 

 

14

 

သီးသန့်ခွဲခြားနေရန်ပြောဆိုခံထားသူတွေထဲက စည်းမျဉ်းကို ချိုးဖောက်သူကို အမေရိကန်ဒေါ်လာ ၆၄၀၀ ကနေ ၂၅,၇၀၀ အထိ ဒဏ်ငွေပေးဆောင်ရန် ဗုဒ္ဓဟူးနေ့မှာဆေွးနွေး ခဲ့ပါတယ်။ တကယ်လို့ သီးသန့်ခွဲခြားနေရန် ပြောဆိုခံထားသူကြောင့် လူတစ်ဉီး သေဆုံးမယ် သို့မဟုတ် တခြားသူတွေကို ရောဂါကူးစက်စေမယ်လို့ ပြစ်မှုထင်ရှားရင်  ထောင်ဒဏ် ၅ နှစ် ကျခံရမှာဖြစ်ပြီး လူနှစ်ဉီး သို့မဟုတ် နှစ်ဉီးထက်ပိုတဲ့ လူတွေသေစေခဲ့မယ် လို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ 

 

အခုတင်သွင်းတဲ့ ဉပဒေကြမ်းဟို ရုရှား ဒူးမားမှာ လာမယ့်အင်္ဂါနေ့တွင်  ဆုံးဖြတ်မှာဖြစ်ပါတယ်။ 

 

လူဉီးရေ ၁၄၄ သန်းရှိတဲ့ ရုရှားနိူင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၆၅၈ ဦးရှိကြောင်း မတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ 

 

နိုင်ငံခြားတိုင်းပြည်တွေကနေ ရုရှားကို ပြန်လာတဲ့ ရုရှားနိုင်ငံသားတိုင်း ၁၄ ရက်တိတိ သီးသန့်ခွဲခြားနေထိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သီးသန့်ခွဲခြားနေထိုင်ဖို့ စည်းမျဉ်းကို ဖောက်ဖျက်သူတွေ ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

ဉရောပထဲက ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု အများဆုံးခံရတဲ့ အီတလီနိုင်ငံမှာ လမ်းမပေါ်မှာ တရားဝင် သွားလာခွင့် မရှိဘဲ သွားလာသူတွေကို ယူရိုငွေ ၄၀၀ ကနေ ၃၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။ 

 

ရိုမေးနီးယားနိုင်ငံမှာတော့ သီးသန့်ခွဲခြားနေထိုင်ဖို့ စည်းမျဉ်းထုတ်ခံသူက မလိုက်နာခဲ့ရင် သေကြောင်းကြံစည်တဲ့ အပြုအမှုဖြစ်တဲ့အတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား-AFP