၂ မတ်

 

ကိုရိုနာဗိုင်းရပ်စ်‌ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် အစိုးရမှ  မြန်ဆန်သည့် ဉပဒေတစ်ခုကို ရေးဆွဲမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ 

 

တနင်္လာနေ့မှစပြီး နွေရာသီကျောင်းပိတ်ရက်များအဖြစ်  ဂျပန်နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများကိုပိတ်ပစ်ရန်  ဝန်ကြီးချုပ် ရှင်ဇိုဘာအေးက  အထက်လွှတ်တော်ကော်မတီသို့ တောင်းဆိုခဲ့သည်။

 

ကလေးများ၏ ကျန်းမာရေးနှင့် လုံခြုံမှုကို အထူးအလေးထား ဉီးစားပေးရမည်ဖြစ်ပြီး ကျောင်းများရှိ ကလေးများအကြား ကူးစက်မှုကို ကာကွယ်ရန်အတွက် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ရောဂါဖြစ်ပွားမှု အဆိုးဆုံးအတွက် ပြင်ဆင်ထားသင့်ကြောင်းနှင့် အချို့သော ဒေသများတွင် ရောဂါကူးစက်မှုမှာ လျင်မြန်စွာ ပျံ့နှံ့သွားပါက မည်သို့ပြုလုပ်မည်ကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အာဘေးက ပြောကြားခဲ့သည်။ 

 

ပြည်သူလူထု၏ ဘ၀အပေါ်သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် အစိုးရအနေဖြင့် မြန်မြန်ဆန်ဆန်ပြုလုပ်နိုင်သည့်  ဥပဒေတစ်ရပ်ရေးဆွဲမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ 

 

အဆိုပါ အစီအမံများထဲတွင် အရေးပေါ်အခြေအနေကြေညာခြင်းလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်