၃ မတ်
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ဝင်တွေဟာလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် အလှူငွေတွေ ထည့်ဝင်ခဲ့ကြပါတယ်။
အဖွဲ့ဝင်တွေဟာ တစ်ဦးစီ သီးခြားလှူဒါန်းခဲ့ကြတာဖြစ်ပြီး နောက်ဆုံးလှူဒါန်းခဲ့တဲ့ အဖွဲ့ဝင်ကတော့ ခါအီဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
မတ် ၂ ရက်မှာ ခါဟာ ဟုတ်ဘရစ်ချ်အမျိုးသား သဘာဝဘေး ကူညီကယ်ဆယ်ရေးအဖွဲ့ကို အလှူငွေအဖြစ် ကိုရီးယားဝမ်သန်း ၅၀ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
အခြားသော အဖွဲ့ ဝင်တွေဖြစ်ကြတဲ့ ချန်ယိုး၊ လေးနဲ့ ဆူဟိုတို့ လည်း ပါဝင်လှူဒါန်းခဲ့ကြပြီး ပြီးခဲ့တဲ့လအတွင်း လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အေးပြည့်


