ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန် ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Description: \\MAINPC\Main(2)\2024 DATA\10. Daily Significant Case (2024)\01. January\23-1-2024 ATS 20 Lakhs, Ice 23 kg & Opium  75 kg (Su-30)\Photos\Mail Photos\viber_image_2024-01-23_20-47-42-117.jpg

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၉ ရက် နံနက် ၇ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် နန့်ရင်းကျေးရွာ တောလမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ် ၃ စီးနှင့် YANG FOND ၆ ဘီး မော်တော်ယာဉ် ၃ စီးတို့ကို စစ်ဆေးရှာဖွေရာ ဝင်းဇော်၊ ထက်ဝေမိုး၊ ဇော်လင်းထွန်း၊ ညီလင်းအောင်၊ ဝေယံမြင့်၊ ငြိမ်းချမ်း၊ နန်အောင်၊ သန့်ဇင်ဦးနှင့် သောင်းဟန်ငြိမ်းတို့ ၉ ဦးအား ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်