ကချင်ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

မြစ်ကြီးနား မတ် ၄

 

ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်လုံ ခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းကို မတ် ၄ ရက် နံနက်ပိုင်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ဝန်ကြီးဌာနများအလိုက် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ထောက်ပံ့ပေးအပ်သည့် တပ်ဖွဲ့ဝင်ဦးရေ ၁၅၀၀ အတွက် စုစုပေါင်း ငွေကျပ် ၂၂၀၂၁၃၀၀ တန်ဖိုးရှိ တစ်ဦးလျှင် ဘာလချောင်ကြော်၊ အမဲသားကြော်၊ ငါးခြောက်ကြော်၊ ကြက်မွကြော်၊ ပဲပုပ်/ဂျူးမြစ်/ မြေပဲဆံကြော်၊ တိုင်းရင်းဆေး၊ ထန်းလျက်၊ ကော်ဖီ စသည့် အသင့်စားသုံးနိုင်သော စားသောက်ဖွယ်အမယ်စုံ ၁၂ မျိုးကို ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်းထံ လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့များအတွက် ငွေကျပ်သိန်း ၁၅၀၀ ကို တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ထံ လည်းကောင်း ပေးအပ်ခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)