နေပြည်တော် ၂၀ ဧပြီ
ယမန်နေ့ ည ၈ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရပ်ကွက်/ကျေးရွာများ၌ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ နေအိမ် (၃၇) လုံး၊ စာသင်ကျောင်း (၁) ကျောင်း၊ အရန် မီးသတ်အဆောက်အဦ (၁)ခု အမိုးလန် ပျက်စီးခဲ့ပြီး စာသင်ကျောင်း ခြံစည်းရိုး(၁)ခု၊ မီးတိုင် ၁ တိုင်၊ မနောတိုင် ၁ တိုင်၊ နေအိမ် (၁၄)လုံး၊ ကုမ္ပဏီကင်းတဲ(၂)လုံး၊ ဆီဂိုဒေါင် (၂)လုံးနှင့် ကားဂိုဒေါင်(၂)လုံးတို့ ပြိုကျ ပျက်စီး ခဲ့ကြောင်း သတင်းရရှိသည်။
အလားတူ ည ၁ နာရီ ၅ မိနစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြစ်ကြီးနားမြို့နယ်၊ အောင်မြင်သာကျေးရွာ ပါကျေးရွာ(၂)ရွာ၌ ခရစ်ယာန်ဘုရားကျောင်း (၄) ကျောင်း၊ နေအိမ် (၃) လုံး ပြိုကျပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်း (၂) ကျောင်း၊ နေအိမ် (၁၈) လုံး၊ မီးဖိုဆောင် (၁) လုံး၊ စာသင်ကျောင်း (၁)ကျောင်းတို့ အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
MDN


