ကြက်သားဟင်းအစပ်ချက်

ကြက်သွန်နီနဲ့ ကြက်သား ပေါင်းပြီး ထွက်လာတဲ့ အချိုအရသာနဲ့  စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ မဆလာအနံ့ကြောင့် ဒီကြက်သားဟင်းဟာ မြင်တာနဲ့ သွားရေကျစေပြီး စားပြီးရင်လည်း တစ်သက်မမေ့နိုင်တဲ့ ဟင်းတစ်ခွက်ပါပဲ။

 

ပါဝင်ပစ္စည်းများ (၄ ဦးစာ)

 

ကြက်သား ပေါင်သား  ၆၀ဝ ဂရမ်

 

ကြက်သွန်နီ တစ်လုံး    ၂၀ဝ ဂရမ်

 

ကြက်သွန်ဖြူ (ခြစ်ပြီး) စားပွဲဇွန်း  ၁ ဇွန်း

 

ဂျင်း   (ခြစ်ပြီး) စားပွဲဇွန်း  ၂ ဇွန်း

 

ခရမ်းချဉ်သီး ( စည်သွပ်ဗူး  သုံးပါက) ၂၀ဝ ဂရမ် ၁ ဗူး

 

စွပ်ပြုတ်ရည် ၃၀ဝ မီလီလီတာ

 

ဆား

 

ငရုတ်ကောင်းမှုန့်အနည်းငယ်

 

ဟင်းသီးဟင်းရွက်ဆီ  စားပွဲဇွန်း  ၃ ဇွန်း

 

မဆလာစပ်ရန်

 

နံနံစေ့မှုန့်   စားပွဲဇွန်း ၂ ဇွန်း

 

နနွင်းမှုန့် စားပွဲဇွန်း ၁ ဇွန်း

 

ငရုတ်သီးမှုန့်  စားပွဲဇွန်း တစ်ဝက် (သို့) ၁ ဇွန်း

 

ပြုလုပ်ပုံ

 

၁။ကြက်သားကို တစ်ကိုက်စာအရွယ် အတုံးလေးတွေ တုံးပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပါ။

 

၂။ကြက်သွန်ဖြူနှင့် ဂျင်းကို ဇလုံတစ်လုံးထဲ ထည့်ပါ။ ရေ ၁၀ဝ မီလီလီတာ ထည့်ပြီး  ၎င်းတို့ကို သမအောင်မွှေပါ။

 

၃။ အကြော်အိုးထဲ ဆီထည့်ပြီး မီးအပူချိန် အသင့်အတင့်နဲ့ ကြက်သွန်နီကို ကြော်ပါ။ ကြက်သွန်နီတွေ ရွှေညိုရောင် သန်းလာပြီဆိုရင် ဂျင်းနဲ့ကြက်သွန်ဖြူ ရောစပ်ထားတဲ့အရည်ကို လောင်းထည့်ပြီး ဆီပြန်သည်အထိ ထားပါ။

 

၄။ဆီပြန်လာပါက ခရမ်းချဉ်သီးများ ထည့်ပါ။ ဟင်းအနှစ် ဖြစ်လာစေရန် ခရမ်းချဉ်သီးများကို ဟင်းမွှေသည့် သစ်သားယောက်မဖြင့် မွှေနေစဉ်အတွင်း ဖိချေပေးပါ။

 

၅။ ဆီပြန်လာသည့်အခါ မဆလာစပ်ရန် အမယ်များကို ထည့်ပြီး ဆားတစ်ဇွန်း ထည့်ပါ။ မီးအပူချိန်ကို လျှော့ချပြီး တစ်မိနစ်ခန့် ဆက်ထားပါ။

 

၆။ထို့နောက် ကြက်သားထည့်ပြီး မီးအပူချိန်ကို ပြန်မြှင့်ပါ။ ကြက်သားကျက်သည်အထိ ဟင်းအိုးကို ဆက်တည် ထားပါ။

 

၇။ထို့နောက် စွပ်ပြုတ်ရည် လောင်းထည့်ပြီး  မီးအပူချိန်ကို အမြင့်ဆုံးသို့ တင်ပြီး အရည်များ ဆူပွက်လာသည် အထိ တည်ပါ။ ထို့နောက် အဖုံးပိတ်ပြီး မီးအပူချိန်ကို အနိမ့်ဆုံးသို့ ပြန်ချပြီး ၁၀ မိနစ်ခန့် တည်ထားပါ။ ထို့နောက် အဖုံးဖွင့်ပြီး ၁၀မိနစ်ခန့် မီးအေးအေးဖြင့် ဆက်တည်ထားပါ။ ဆားပေါ့နေပါက ဆားထပ်ထည့်ပြီး သုံးဆောင်နိ်ုင်ပါပြီ။

 

ကိုးကား- NHK