ကြက်သားနှင့် ပဲပြား

Koyadofu ဆိုတာ ပဲပြားကို ရေခဲသေတ္တာထဲမှာ အေးခဲပြီး ခြောက်အောင် လုပ်ထားတာပါ။ အရည်ခြောက်နေတဲ့ ပဲပြားဟာ ဖော့လိုအသားမျိုး ဖြစ်နေတာကြောင့် ဒီဟင်းပွဲမှာ ပဲပြားခြောက်ဟာ ပြုတ်ရည်အရသာတွေကို စုပ်ယူထားပါတယ်။

 

 

ပါဝင်ပစ္စည်းများ

 

 

• ကြက်ပေါင် ၁၂၀ ဂရမ်

 

• koyadofu ပဲပြား တစ်တုံး

 

• burdock root အမြစ် ၁၀ စင်တီမီတာ

 

• ရှီတာကီမှို အစို ၂ ခု

 

• ဗိုလ်စားပဲသီး ၂ တောင့်

 

 

စွပ်ပြုတ်ရည်

 

 

• Dashi ပြုတ်ရည် ၃၀ဝ မီလီမီတာ

 

• Usukuchi soy sauce ပဲငံပြာရည်  စားပွဲဇွန်း ၁ဇွန်းနှင့်တစ်ဝက်

 

 

• Mirin ဆန်အရက် စားပွဲဇွန်း ၂ဇွန်းနှင့် တစ်ဝက်

 

 

ချက်ပြုတ်နည်း

 

 

၁။ ကြက်သားမှာရှိနေတဲ့ အဆီပိုတွေကို ဖယ်ရှားပြီး  စားလို့ အဆင်ပြေမယ့်အရွယ် အပိုင်းလေးတွေကို ပိုင်းပါ။ အိုးထဲ ရေအလောတော်ထည့်ပြီး ကြက်သားကို ကျက်ရုံ ပြုတ်ပါ။ ကြက်သားတုံးတွေ အရောင်ပြောင်း လာတဲ့အခါ  အိုးထဲက ဆယ်ထုတ်ပါ။ ထို့နောက် ရေးအေးအေးထဲနှစ်ပြီးမှ ရေပြန်စစ်ထားပါ။

 

 

၂။ ပဲပြားခြောက်ကို ရေစိမ်ထားပါ။ ထို့နောက် ရေညှစ်ထုတ်ပြီး  တစ်ကိုက်စာအရွယ် အတုံးလေးတွေ တုံးပါ။ burdock အမြစ်ကို ရေဆေးပြီး  အခွံနွှာပါ။ ထို့နောက် အမြစ်ကို အလွှာပါးလေးတွေ လှီးပါ။ ရှီတာကီမှိုကိုလည်း အရိုးတံတွေ ဖယ်ရှားပါ။ ဗိုလ်စားပဲသီးကိုလည်း ကျက်ရုံပြုတ်ပြီး  ရေအေးထဲ နှစ်ပါ။  ပဲသီးရဲ့ထိပ်နှစ်ဖက်ကို ဖြတ်ပြီး  ၃ ပိုင်း ပိုင်းပါ။

 

 

၃။ ပြုတ်ရည်၊ ကြက်သား၊ ပဲပြား၊ burdock အမြစ် နှင့် ရှီတာကီမှိုတို့ကို အိုးတစ်လုံးထဲ ထည့်ပြီး  မီးအေးအေးနှင့် တည်ထားပါ။ ကြက်သားကျက်သွားပါက ပဲသီးထည့်ပြီး မီးအပူမြှင့်ပါ။ ပဲသီးကျက်ပါက သုံးဆောင်နိုင်ပါပြီ။

 

 

ကိုးကား-NHK