ကြက်သွန်မြိတ် နှင့် အသားလုံး အချိုချက်

ရိုးရှင်းလွယ်ကူတဲ့ ဂျပန်ဟင်းချက် နည်းလေးပါ။ နုပ်နုပ်စဉ်းထားတဲ့ ဝက်သား နဲ့ အမဲသား အရောကို   ခပ်ပြားပြား အဝိုင်းလေးတွေလုံးပြီး  အရည်နည်းနည်းနဲ့ အချိုချက်ထားတာပါ။ 

 

ပါဝင်ပစ္စည်းများ ( ၂ဦးစာ)

 

ကြက်သွန်မြိတ် တစ်စည်း ( ၉၀ ဂရမ်)

 

နုပ်နုပ်စဉ်းထားတဲ့ အသား ( ဝက်သားနှင့် အမဲသားအရော)  ၁၂၀ ဂရမ်

 

အာလူးမှုန့်   စားပွဲဇွန်း  ၁ ဇွန်း

 

ဆာကေး စားပွဲဇွန်း ၁ ဇွန်း

 

ရောစပ်ရန်

 

Dashi စွပ်ပြုတ်ရည် ၁၅၀ မီလီလီတာ

 

ပဲငံပြာရည်  စားပွဲဇွန်း ၁  ၁/၃  ဇွန်း

 

Mirin ဆန်အရက် စားပွဲဇွန်း  ၁  ၁/၃  ဇွန်း

 

သကြား   စားပွဲဇွန်း  ၁ ဇွန်း

 

ပြုလုပ်ပုံ

 

၁။ အိုးတစ်လုံးထဲမှာ   ရောစပ်ရန် အမယ်တွေ အားလုံးထည့်ပြီး  မီးအပူချိန် အသင့်အတင့်နဲ့  ဟင်းရည် ဆူပွက်လာသည်အထိ တည်ပါ။

 

၂။ စဉ်းထားတဲ့ အသားတွေကို  ဇလုံတစ်ခုထဲမှာ ထည့်ပြီး စေးသွားသည်အထိ နယ်ပါ။ထို့နောက် အာလူးမှုန့်နှင့် ဆာကေးတို့ကို ထည့်ပြီး သမအောင် နယ်ပါ။

 

၃။ အသားတွေကို တစ်ကိုက်စာအရွယ် အဝိုင်းပြားလေးတွေ လုံးပြီး ဟင်းရည်ထဲ ထည့်ပါ။ ဟင်းရည်မျက်နှာပြင်မှာ  တက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ်ပါ။ ထို့နောက်  မီးအပူချိန်ကို လျှော့ချပါ။ အိုးအဖုံးအုပ်ပြီး ၂ မိနစ်ခန့် ချက်ပါ။

 

၄။ ထို့နောက် ကြက်သွန်မြိတ်များကို ၃ စင်တီမီတာအရွယ် အပိုင်းလေးတွေ ပိုင်းပါ။ အသားပြားများ ကျက်သွားသည့်အခါ  ကြက်သွန်မြိတ် ထည့်ပြီး  ၂မိနစ်ခန့် ထားပါ။ ထို့နောက်  ဟင်းအိုးကို မီးဖိုပေါ်မှချပြီး သုံးဆောင်နိုင်ပါပြီ။

 

ကိုးကား_ NHK