ကြက်သွန်မြိတ် နှင့် ကန်စွန်းဥ တင်ပူရာကြော်

၁၅   ဖေဖော်ဝါရီ

 

အသီးအရွက်တွေနဲ့ ပင်လယ်စာတွေကို တင်ပူရာကြော်စားလို့ ရပါတယ်။ ဒီအကြော်စုံကတော့ အရောင်နဲ့အရသာ အရမ်းလိုက်ဖက်တဲ့ တင်ပူရာကြော်ပွဲတစ်ပွဲပါပဲ။

 

ပါဝင်ပစ္စည်းများ ( နှစ်ဦးစာ)

 

ကြက်သွန်မြိတ် ၂ပင် (၇၀ ဂရမ်)

 

ကန်စွန်းဥ  ၄၀ ဂရမ်

 

kamaboko  ငါးအသားချောင်း ၄၀ ဂရမ်

 

ကြက်ဥ တစ်လုံးရဲ့ တစ်ဝက် (ဖောက်ပြီး ခလောက်ထားပါ။)

 

ဂျုံမှုန့် စားပွဲဇွန်း  ၅ဇွန်း

 

ဆီ

 

ဆား

 

ရေ စားပွဲဇွန်း ၃ ဇွန်း

 

 ပြုလုပ်နည်း

 

၁။ ကြက်သွန်မြိတ်များကို  ၄စင်တီမီတာအရွယ် အပိုင်းလေးတွေ ပိုင်းပါ။  ကန်စွန်းဥကို အခွံမခွာဘဲ   ၁ စင်တီမီတာအကျယ် ၃ စင်တီမီတာအရှည် အချောင်းလေးတွေဖြစ်အောင် လှီးပါ။  ထို့နောက် ရေစိမ်ပြီး ရေစစ်ထားပါ။ ငါးအသားချောင်းတွေကိုလည်း ကန်စွန်းဥနဲ့အရွယ်တူ အပိုင်းလေးတွေ ပိုင်းပါ။ 

 

၂။ ကြက်သွန်မြိတ်၊ ကန်စွန်းဥနဲ့ ငါးအသားချောင်းတွေကို ဇလုံတစ်ခုထဲထည့်ပြီး  ဂျုံမှုန့် စားပွဲဇွန်း ၁ ဇွန်းဖြူးကာ သမအောင် နယ်ပါ။

 

၃။ နောက်ထပ်ဇလုံတစ်ခုထဲမှာ ကျန်တဲ့ ဂျုံမှုန့် ၄ဇွန်း၊ ခေါက်ထားတဲ့ကြက်ဥနဲ့ ရေ ထည့်ပြီး သမအောင် မွှေပါ။ 

 

၄။ ရောနယ်ထားတဲ့  ကန်စွန်းဥ၊ကြက်သွန်မြိတ်နဲ့ ငါးအသားချောင်းကို ကြက်ဥနဲ့ဂျုံမှုန့်ရောစပ် ထားတဲ့အရည်ခွက်ထဲ ထည့်ပြီး အသာအယာမွှေပါ။ 

 

၅။ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာပါက ရောနယ်ထားတဲ့ အမယ်တွေကို ဇွန်းတစ်ဇွန်းစာ ကော်ပြီး ဆီပူအိုးထဲ ထည့်ပါ။  အကြော်များ ကြွပ်လာသည့်အခါ အိုးထဲမှ ဆယ်ပြီး ဆီစစ်ထားပါ။ စားကာနီးမှ ဆားဖြူးပါ။

 

ကိုးကား- NHK