ကြက်ဥမွှေကြော်နှင့် ကညွတ် ထမင်းနယ်

၅ ဧပြီ

 

ပျော်ပွဲစားနဲ့  ပါတီပွဲတွေမှာ စီစဉ်သင့်တဲ့ အကောင်းဆုံး  စားသောက်ဖွယ်ရာ တစ်ခုပါ။

 

ပါဝင်ပစ္စည်းများ (၂ဦးစာ)

 

ထမင်း  ၃၀ဝ ဂရမ်

 

ကြက်ဥ ၂ လုံး

 

ကညွတ်  ၂ ပင် ( ၅၀ ဂရမ်)

 

ဆား စားပွဲဇွန်း  တစ်ဝက်

 

ဟင်းရွက်ဆီ   စားပွဲဇွန်း ၁-၂ ဇွန်း

 

ရောစပ်ရန်

 

သကြား  စားပွဲဇွန်း ၂/၃ ဇွန်း 

 

ပဲငံပြာရည် စားပွဲဇွန်း တစ်ဝက်

 

ဆား စားပွဲဇွန်း ၁/၅ ဇွန်း

 

ပြုလုပ်ပုံ

 

၁။ အိုးတစ်လုံးထဲမှာ ရေ ၆၀ဝ မီလီလီတာထည့်ပြီး မီးအပူချိန်အမြင့်ဆုံးဖြင့်  ရေနွေးဆူလာသည်အထိ တည်ပါ။ ရေနွေးတည်ထားသည့် အချိန်တွင် ကညွတ်အဖူးများ၏ ရင့်သည့်အပိုင်းများကို ဖယ်ရှားပြီး ရိုးတံတစ်ခုစီ၏ အောက်ခြေ  ၆ စင်တီမီတာ အထိကို အခွံခွာပါ။ ရေဆူပါက ဆား ဇွန်းတစ်ဝက် ထည့်ပြီး ကညွတ်များ ထည့်ပါ။ ရေပြန်ဆူလာပါက ကညွတ်များ ကျက်လာစေရန် ၂မိနစ်ခန့်ဆက်ထားပါ။ ထို့နောက် ရေအေးထဲမှာ စိမ်ပြီး ရေစစ်ထားပါ။ ထို့နောက် ကညွတ်ဖူးများကို ရေခြောက်အောင်သုတ်ပြီး ၃ မီလီမီတာအရွယ် အပိုင်းလေး တွေအဖြစ် ခပ်စောင်းစောင်း လှီးပါ။ ကြက်ဥကို ခွက်တစ်လုံးထဲဖောက်ထည့်ပြီး ရောစပ်ရန် အမယ်များ ထည့်ကာ ခေါက်ပါ။

 

၂။ ဒယ်အိုးထဲတွင် ဟင်းရွက်ဆီထည့်ပြီး မီးအပူချိန်ကို အသင့်အတင့်ဖြင့် ဆီအိုးတည်ပါ။ ထို့နောက် ခေါက်ထားသည့် ကြက်ဥအရည်များထည့်ပါ။ ကြက်ဥပွလာသည့်အခါ  မီးအပူချိန်ကို လျှော့ချပြီး တူဖြင့် အသာအယာ မွှေကာ ကြက်ဥမွှေကြော်ပါ။

 

၃။ ဇလုံတစ်ခုထဲမှာ ထမင်းဖြူထည့်ပြီး ကြက်ဥမွှေကြော်နှင့် ကညွတ်ပြုတ်တို့ကိုထည့်ကာ သမအောင်မွှေပါ။

 

ကိုးကား- NHK