ကလော အောက်တိုဘာ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်၍ အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက နောင်ရဲ ကျေးရွာအုပ်စု မြေခြား ဘုန်းတော်ကြီး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခိုင်စုစုညိမ်း နှင့်အဖွဲ့ဝင်များ၊ အောင်ပန်းတိုက်နယ် ကျန်းမာရေးဌာနနှင့် မြေခြားကျေးလက် ကျန်းမာရေးဌာနခွဲမှ ဝန်ထမ်းများက မြေခြားဘုန်းတော်ကြီး ကျောင်းတွင် ကျေးလက်နေ ရဟန်းသံဃာတော်များနှင့် ဒေသခံပြည်သူ ၁၂၂ ဦးအား ဆေးကုသမှုပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် သက်ကြီးရွယ်အိုတို့အား ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


