ကလော စက်တင်ဘာ ၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု ညောင်ခါးရှည်ကျေးရွာရှိ စီမံကိန်းသီးနှံ (သက်တံ့ရောင်စီမံကိန်း)စိုက်ပျိုး လျက်ရှိသည့် ဘုရားပျိုစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေကို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။ 

 

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ဘုရားပျိုစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် အသင်းမှလိုအပ်သည့်ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများရရှိစေရေးအတွက် ကလောမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေး သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သမဝါယမကဏ္ဍမှ စီမံကိန်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)