ကလော ၃၀ မတ်
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် One State One Township Project အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ကင်းစင်ရေး လုပ်ငန်းများကို ယနေ့ နံနက်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အမှိုက်ကောက်ခြင်းနှင့် ခြုံနွယ်များ ရှင်လင်းခြင်းလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းထွေးတို့မှ ဦးဆောင်၍ မြို့နယ်အမှိုက်ကင်းစင်ရေး ကော်မတီအဖွဲ့၊ မြို့သန့်ရှင်းရေး ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများ စုပေါင်း၍ ကလောမြို့အတွင်းရှိ ဓမ္မစြင်္ကာလမ်း၊ မိန်းလမ်းနှင့် ဘူတာလမ်းတို့၏ လမ်းဘေးဝဲယာတစ်လျှောက်၊ ရဲစခန်းနှင့် ပြည်သူ့ဆောက်လုပ်ရေး ဝန်ထမ်းအိမ်ယာ စသည့်နေရာများ၌ စုပေါင်းအမှိုက်ကောက်ခြင်း၊ သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ မြေညှိခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများကိုလည်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အမှိုက်ကင်းစင်ရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း (ပြန်/ဆက်)


