ကလော စက်တင်ဘာ ၂၂  

ရှမ်းပြည်နယ်‌တောင်ပိုင်း‌ က‌လောမြို့နယ်‌ ‌ဝါးရုံပင်ကျေးရွာအုပ်စု ဝါးရုံပင်‌‌ကျေးရွာရှိ စီမံကိန်းသီးနှံ (သက်တံ့‌ရောင်စီမံကိန်း) စိုက်ပျိုးလျက်ရှိသည့် ရွှေရင်အေးစိုက်ပျိုး‌ရေးနှင့် အ‌ထွေထွေလုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိသည့် စိုက်ကွင်းအမှတ်(၂) အခြေအနေကို စက်တင်ဘာ ၂၁ ရက်‌ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှု စစ်‌ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက အသင်းမှ လိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့်  သွင်းအားစုများ ပြတ်လပ်မှုမရှိစေရေးအတွက်  သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမကဏ္ဍမှ စီမံကိန်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)