ပဲခူး ၃၀ မတ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း ကျင်းပသည့် ကလေးစာပေပွဲတော် စာအုပ်စာပေနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို မတ်လ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ပဲခူးတက္ကသိုလ်အတွင်း ကျင်းပလျက်ရှိရာ တတိယနေ့တွင် ပွဲတော်လာသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

 

mdn

 

အဆိုပါ ကလေးစာပေပွဲတော်(ပဲခူး) တွင် ရုပ်ရှင်သရုပ်ဆောင်များဖြစ်သည့် မေကဗျာ၊ နေမင်း၊ မင်းညီ၊ ဖိုးချစ်တို့ကလည်းကောင်း၊ စာပေပညာရှင်များဖြစ်သည့် စာရေးဆရာ မောင်ခြိမ့်၊ အကယ်ဒမီ ငြိမ်းမင်း၊ ဆရာမပုညခင်၊ ဆရာမ မေသသင်္ကြန်ဟိန် (မြစ်မခ)၊ စာရေးဆရာ ခိုင်ချစ်အာင်(ပဲခူး)၊ စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး)၊ စာရေးဆရာကံမြင့်မော် တို့ကလည်းကောင်း၊ အဆိုတော်များဖြစ်သည့် မိစန္ဒီ၊ သြရသ၊ ပြည့်ဖြိုး၊ စွမ်းပြည့်အောင်၊ မေမဒီ၊ ဖိုးပြည့်(မင်းသားကြီး)နှင့် နန်းခင်မွှေးတို့ကလည်းကောင်း၊ သဘင်အနုပညာရှင်များဖြစ်သည့် မိုးဝင်း၊ နန်းခင်မွှေးတို့ကလည်းကောင်း ကလေးစာပေပွဲတော်အတွင်း လှည့်လည်ကြည့်ရှုအားပေးကာ စာပေဟောပြောဆွေးနွေးခြင်း၊ တေးသီချင်းများသီဆိုခြင်း တို့ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိသည်။

 

mdn

 

ဝေလျှံ

 

mdn