ပဲခူး ၂၉ မတ်
ကလေးစာပေပွဲတော်(ပဲခူး) ဒုတိယနေ့အဖြစ် စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအအစိုးရ အဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်တွင် စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများ ထည့်သွင်းကျင်ပခဲ့ရာ မတ်လ ၂၉ ရက်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပ ပြုလုပ်သည်။
စာပေဟောပြောပွဲတွင် စာရေးဆရာမ မမေသင်္ကြန်ဟိန် (မြစ်မခ) က “ကလေးများသည် အနာဂတ်အတွက် လူသားအရင်းအမြစ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမ ဝတ်ရည်ခင်(ပဲခူး)က “ရောင်စုံပန်းခင်းထဲကကျွန်မ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြသည်။
ထို့နောက် စာပေဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ “ပညာရှာသူ တို့ဝိုင်းကူ” ခေါင်းစဉ်ဖြင့် ဇာတ်ညွှန်းဒါရိုက်တာ ငြိမ်းမင်းက ဦးဆောင်ဆွေးနွေး၍ ဆရာမဝတ်ရည်ခင်(ပဲခူး)၊ ဖိုးချစ်၊ အဆိုတော်သြရသနှင့် အဆိုတော်ပြည့်ဖြိုးတို့က ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။
ဝင်းမြင့်(နတ်တလင်း)
အောင်သူဆွေ(အုတ်ဖို)


