ပဲခူး ၃၀ မတ် 

 

ပဲခူးတက္ကသိုလ်တွင် ကျင်းပလျက်ရှိသော ကလေးစာပေပွဲတော်၌ တိုင်းရင်းသားပုံပြော၊ ရုပ်ပုံစာအုပ်ဖြင့် ပုံပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ၌ ဆုရရှိသူများကို မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁နာရီက ဆုများချီးမြှင့်ပေးသည်။

 

ရှေးဦးစွာ တိုင်းရင်းသား ပုံပြောတွင် ပါဝင်သော ကယား၊ ကရင်၊ ပအိုဝ်း၊ မွန်၊ ရှမ်းနှင့် အရှိုချင်း တိုင်းရင်းသား ခြောက်မျိုးမှ တိုင်းရင်းသား ၁၂ ဦးအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး က ဂုဏ်ပြုဆုငွေနှင့်လက်ဆောင်များ ချီးမြှင့်ပေးပြီး ရုပ်ပုံ စာအုပ်ဖြင့် ပုံပြောပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကိုဆုများ ချီးမြှင့်ပေးသည်။

 

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်းကြီး ဦးညွန့်ရွှေက ပုံပြောပြိုင်ပွဲ မူလတန်း အဆင့်နှင့် အလယ်တန်း အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ နှင့် ပြိုင်ပွဲဝင် များအားလုံး ကို ဂုဏ်ပြုဆုနှင့် အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေးသည်။

 

အဆိုပါ ကလေးစာပေပွဲတော်ကို မတ်လ ၂၈ ရက်မှ ၃၀ရက်အထိ နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ကျင်းပလျက်ရှိပြီး ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ရဲမြန်မာ(ညောင်လေးပင်)