ကျွန်းစု ၃ ဧပြီ 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထု အခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကလေးစာဖတ်ဝိုင်းနှင့် ပျော်ရွှင်စရာ ကလေးတို့ကမ္ဘာ အားကစားပြိုင်ပွဲတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အတွဲ(၁၆)၊ အမှတ်(၆)၊ ဒို့ကျေးရွာဂျာနယ်မှ ကဏ္ဍအသီးသီးကို ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝါသနာရှင်တို့က ဆွေးနွေးဖတ်ကြားခဲ့သည်။

 

နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးများစာကြည့်တိုက်၌ စာပေဖတ်ရှုမှု ပိုမိုတိုးတက်မြင့်မားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယဉာဏ စွမ်းရည် ဖွံဖြိုးတိုးတက်လာစေရန်၊ သူငယ်ချင်း အချင်းချင်း ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက ပြောကြားသည်။

 

ထို့နောက် ပျော်ရွင်စရာ ကလေးတို့ကမ္ဘာအစီအစဉ်ဖြင့် အားကစားပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကလေးများမှ ပြိုင်ပွဲများတွင် ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ် ပြန်/ဆက် ဦးစီးမှူးက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

 

1