နေပြည်တော် ၂၅ ဒီဇင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကလေးမြို့၊ ပင်လုံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ ဆိပ်ကမ်းသာလမ်းထောင့်တွင် မသင်္ကာဖွယ် အထုပ်အားတွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၆၀၀ သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံး(အထက်)ကျေးရွာနေ လော်ဖန်း၏နေအိမ်ကိုရှာဖွေရာ ဘိန်းစိမ်း ၄ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တစ်ရွာတည်းနေ လီဘီ၏ နေအိမ်ကိုရှာဖွေရာ ဘိန်းစိမ်း ၁၆ ဒသမ ၈၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေး ၁၃,၅၀၀၊ ထိုင်းနိုင်ငံသုံးဘတ်ငွေ ၇၄၅,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား