နေပြည်တော် ၁၁ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အိတ်စွပ်ကျေးရွာနှင့် သင်္ဘောပင်ကျေးရွာသွား လမ်းဘေး၌ ဇန်နဝါရီ ၁၀ ရက် ည ၈ နာရီခွဲက တပ်ဦးသီတာရပ်ကွက်နေ “စိန်” တည်းခိုခန်းမန်နေဂျာ ဦးစံဌေး (၇၂)နှစ်သည် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ကလေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး ကလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်အားစိစစ်ရာ “စိန်” တည်းခိုခန်း၌ လာရောက်တည်းခိုနေထိုင်သူ ပင်လုံရပ်ကွက်နေ သိန်းထိုက်ဝင်း (၄၂)နှစ်မှ ငွေကြေးရရန်ရှိ၍ လိုက်ပါကူညီပေးရန် ခေါ်သဖြင့် ဦးစံဌေးသည် ၎င်းပိုင်ဆိုင်ကယ်ဖြင့် သိန်းထိုက်ဝင်းနှင့်အတူ ထွက်ခွာသွားခဲ့ပြီး ဦးစံဌေးတွင်ပါသော ရွှေဆွဲကြိုး ၁ ကုံးနှင့် ဆိုင်ကယ် ၁ စီးတို့ ပျောက်ဆုံးနေကြောင်း ဦးစံဌေး၏ဇနီး ဒေါ်ခင်အေးလွင်မှ ပြောပြသိရှိရသောကြောင့် သိန်းထိုက်ဝင်းအား ကလေးမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN

Ref: ရဲပြန်ကြား