ကော့မှူး ၄ ဧပြီ
နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူလေးများ ပြင်ပ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဧပြီ ၄ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်ကလေးစာဖတ်ခန်း၌ ပုံပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မဉ္ဇူက စာကြည့်တိုက်သို့ လာရောက်၍ သုတ/ရသစာပေများနှင့် ပညာပေးရုပ်ပြစာအုပ်များ လေ့လာဖတ်ရူခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာနိုင်ရေးနှင့် အားလပ်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရူကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများကို မြို့နယ်ဦးစီးမှူး ဒေါ်မဥ္ဇူက ကြွက်မလေးအတွက် အိမ်ထောင်ဖက်ပုံပြင်အား ပြောပြခဲ့ပြီး ပျော်ရွှင်စရာ ကိုယ်လက်လှုပ်ရှားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


