၄ မတ်
ယနေ့ နံနက် ၉ နာရီ ၆ မိနစ်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် (၅၄)မိုင် ခန့်၊ ကလေးဝမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၅)မိုင် ခန့်အကွာတွင် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် ၂၃ ဒသမ ၄၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၂၈ ဒီဂရီ၊ အနက် (၃၆) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
MDN


