နေပြည်တော် ၁၈ အောက်တိုဘာ

ယနေ့ မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၁၈ မိနစ်၊ ဝ၉ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၃)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ အနောက်တောင်ဘက် (၅)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၁၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၂)ဒီဂရီ၊ အနက် (၅၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅ ဒသမ ၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MDN