ကလေးဝ ၂ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း မတ် ၃၁ ရက် ညနေက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အခြားအဆောက်အဦများ အမိုးသွပ်များလန်ခြင်း ဖြစ်ပွားခဲ့သော မြို့မ၊ ရွာသာ၊ သစ်ချောက်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု ၇၄ စုတို့အား  အသုံးအဆောင်ပစ္စည်း ငါမျိုးစီနှင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၂၀ဝ၅၀ဝ၀ ကျပ်အား ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ ပေးအပ်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းတို့က အဖွင့်အမှာစကား ပြောကြား၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးအရာရှိ ဒေါ်မီမီထွန်းက ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် သဘာဝဘေးသင့် ကာယကံရှင်အိမ်ထောင်စုများအား အသုံးအဆောင်ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သက်ဟန်(ကလေးဝ)

 

1