ကလေးဝ ၁ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် မတ်လ ၃၁ ရက် ညနေ ၄ နာရီကျော်ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အခြားအဆောက်အဦများသွပ်မိုးလန်၍ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

 

6

 

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ကလေးဝမြို့နယ်အတွင်းရှိ မြို့မ၊ရွာသာ၊သစ်ချောက်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု (၆၇)စုမှ သွပ်မိုး(၉၂၂)ချပ်၊ ဘုန်းတော်ကြီးကျောင်းနှင့် အခြားအဆောက်အဦများ သွပ်မိုး (၃၀)ချပ် စုစုပေါင်း သွပ်မိုး (၉၅၂)ချပ် ပျက်စီးဆုံး ရှုံးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN