ကလေးဝ ၁၈ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ယနေ့ ညနေ ၄ နာရီခွဲက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကိုင်းကျေးရွာရှိ ဇမ္ဗူသီရိကျောင်းဓမ္မာရုံမှ ၉ ပေသွပ် ၁၁ ချပ်၊ ဦးဇော်မျိုးညွန့်နေအိမ်မှ ၁၀ ပေသွပ် ၂၂ ချပ်၊ ဦးမြင့်စိန်နေအိမ်မှ ၁၀ ပေသွပ် ၂ ချပ်၊ ဦးအောင်ဘနေအိမ်မှ ၁၀ ပေသွပ် ၂ ချပ်၊ ဦးမင်းဇော်ဦးနေအိမ်မှ ၉ ပေသွပ် ၂ ချပ်၊ ဦးချစ်အောင်နေအိမ်မှ ၉ ပေသွပ် ၂ ချပ်နှင့် ခုံကြီးကျေးရွာရှိ ဦးဝင်းနိုင်နေအိမ်မှ ၁၀ ပေသွပ် ၃ ချပ် စုစုပေါင်း ၄၄ ချပ်ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သက်ဟန်(ကလေးဝ)


