ကလိန်အောင် အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှ‌တ်(၃)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက  သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကလိန်အောင်မြို့ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုး မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး အသိပညာ ပေးဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် ကလိန်အောင်မြို့ သစ်တောဦးစီးဌာနမှ တာဝန်ခံ တောအုပ် ဦးထက်လင်းဦးက  မီးခိုး/ မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းရင်းများ၊ မီးခိုးမြူငွေ့ အမျိုးအစားများ၊  မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများ၊ ရေချိုများ ချွေတာသုံးစွဲရေး၊ ရေအရင်းအမြစ်များ ဝိုင်းဝန်းထိန်းသိမ်းခြင်း ဆိုင်ရာများ၊ သစ်တောများမှပေးသော အကျိုးကျေးဇူးများ၊ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝ ဘေးအန္တရာယ်များ  လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊   ပြုစုခြင်းနည်းစနစ်များအား ဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက     သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။  

ခင်ခင်လဲ့