ကလေး  ၂၇  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် ကာလအတွင်း နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း မည်သူမျှ အကြောင်းမဲ့သွားလာခြင်း မပြုရန် အမိန့်ထုတ်ပြန်ထားရှိရာ ဧပြီ ၂၆ ရက် ည ၁၁ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းမများပေါ်၌ အကြောင်းမဲ့သွားလာနေသူ ၁၂ ဦးတို့အား ထောင်ဒဏ် (၃)လစီ ချမှတ်လိုက်ကြောင်း သိရသည်။     

 

ဖြစ်စဉ်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(ကလေး)မှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် ဧပြီ ၂၆ ရက် ည ၁၁ နာရီက ကျင်ရှင်းခိုင်(ဘ) ဦးဂင်ခန့်ပေါင် ကလေးမြို့၊ အပါအဝင်   ကလေးမြို့နေသူ ၁၂ ဦးတို့အား မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လမ်းမများပေါ်၌ အကြောင်းမဲ့သွားလာနေသည်ကို တွေ့ရှိရသဖြင့် ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ ကလေးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲတင်ပို့ခဲ့ရာ ကလေးမြို့နယ် တရားရုံး ရာကြီးအမှု အမှတ်(၆၇၇/၂၀၂၀)ဖြင့် မြို့နယ် တရားသူကြီးမှ လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူ ၁၂ ဦးတို့မှ အပြစ်ရှိကြောင်း ဝန်ခံသဖြင့် မြို့နယ်တရားသူကြီးမှ ယနေ့ ညနေ ၂ နာရီ ၅၀ မိနစ်က ကျင်ရှင်းခိုင်ပါ ၁၂ ဦးတို့အား ရာဇသတ်ကြီးပုဒ်မ −၁၈၈ အရ ထောင်ဒဏ် (၃)လစီ အသီးသီးပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

 

သန်းထိုက်အောင်(ပြန်/ဆက်)