၁၃ ဇန်နဝါရီ
၂၀၁၅ခုနှစ် နျူကလီးယား သဘောတူညီချက်ကို အပြည့်အဝလိုက်နာရန် အီရန်နိုင်ငံအား တိုက်တွန်း ထားသည့် ပူးတွဲကြေညာချက်ကို ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်ခေါင်းဆောင်များက ထုတ်ပြန်ခဲ့သည်။
ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အမေရိကန်ပြည်ထောင်စု၏ ၂၀၁၈ခုနှစ် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန်ဆုံးဖြတ်ချက်နှင့် အီရန်နိုင်ငံအပေါ် နောက်ထပ် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးသက်ရောက်မှုအပေါ် နောင်တရကြောင်း ဖော်ပြခဲ့သည်။
၂၀၁၉ခုနှစ် ဇူလိုင်လမှစပြီး တီဟီရန်က အီရန်နိုင်ငံအား သဘောတူညီချက်နှင့် မကိုက်ညီသည့် လုပ်ဆောင်မှုများအားလုံးကို ပြန်လည်ရုပ်သိမ်းရန်နှင့် အပြည့်အဝ လိုက်နာမှုရှိရန် တီဟီရန်က အီရန်နိုင်ငံအား ပြောကြားခဲ့သည်။
အီရန်နိုင်ငံသည် ယူရေနီယံသန့်စင်မှုကို ကန့်သတ်ရန် သဘောတူညီမှုကို ဆက်လက် မလိုက်နာတော့ကြောင်း ယခုလတွင် ကြေညာခဲ့သည်။
ယခုလအစောပိုင်းက အီရန်ဗိုလ်ချုပ်ကြီးတစ်ဉီးကို အမေရိကန်ပြည်ထောင်စုမှ အသတ်ခံရမှုနှင့်ပတ်သက်ပြီး အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို အီရန်နိုင်ငံမှ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအပြီးတွင် ဝါရှင်တန်နှင့် တီဟီရန်တို့အကြားတွင် တင်းမာမှုများမှာ မြှင့်တက်လာခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


