ပုသိမ်  ၇  ဧပြီ  

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Pathein Cycling Club တို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးနင်းပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ နာရီ စင်အဝိုင်းမှ စတင်တာလွှတ်သည်။

3

ရှေးဦးစွာပြိုင်ပွဲကို ပုသိမ်ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့စီမံ/ဘဏ္ဍာဝန်ကြီး ဦးဌေးဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ ကရင်တိုင်ရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူတို့က ဖဲကြိုးဖြတ်ပေးကာ စီမံ/ဘဏ္ဍာဝန်ကြီး ဦဌေးဝင်းကသေနတ် ပစ်ဖောက်တာ လွှတ်ပေးသည်။ ပြိုင်ပွဲဝင်များသည် မဟာဗန္ဓုလလမ်း၊ ရုပ်တုအဝိုင်းမှ ပတ်၍ မဟာဗန္ဓုလလမ်းအတိုင်း၊ ကုန်သည်လမ်း၊ ရွှေစေတီလမ်း၊ကန်းနားလမ်းအတိုင်း မြိုတော်ခန်းမရှေ့တွင် ပန်းပင်ရမည်ဖြစ်သည်။ ဆုပေးပွဲကိုကျင်းပရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ခဲကြသည်။ ပန်းဝင်သူများအားလုံးကိုလည်း ကံစမ်းမဲများဖောက်၍ ဆုများချီးမြှင့်ခဲ့ကြသည်။

၎င်းစက်ဘီးနင်းပြိုင်ပွဲကို မည်သည့်စက်ဘီးအမျိုးအစားနှင့်မဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အမျိုးသား/အမျိုးသမီး၊ကလေး စုစုပေါင်း ၆၅၀  ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ စက်ဘီးနင်းပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ စက်ဘီးအားကစားကို ပြည်သူများ စိတ်ဝင်စားမှု ပိုမိုရရှိရေး နှင့် လေထုညစ်ညမ်းမှုကို လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိန်းရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့် ( ပြန်/ဆက်)