နေပြည်တော် ၂၅   မတ်

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိသည်။

 

Osuga New

 

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊Osuga Myanmar Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် နယ်သာလန်နိုင်ငံသားဧည့်သည်(၂)ဦးသည် ၎င်းတို့၏ ကိုယ်ပိုင် မော်တော်ယာဉ် (၁)စီးဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ မတ်လ (၂၀) ရက်နေ့အထိ မြဝတီ-ဘားအံ-တောင်ငူ-အင်လေး-မန္တလေး-ပုဂံ-ကလေး-တမူးခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယ နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

 

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သတင်းရရှိကြောင်း သိရသည်။

 

MDN

 

Osuga News