၇ ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါအကြောင်း သတင်းဟာ  ကမ္ဘာ့သတင်းဌာနတွေရဲ့ ခေါင်းကြီးသတင်းမှာ နေရာယူထားစဉ်မှာ ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO)က သူနာပြုဦးရေ ၆ သန်း နီးပါး ကမ္ဘာကြီးမှာ လိုအပ်နေကြောင်း ဒီကနေ့(အင်္ဂါနေ့) မှာ သတိပေးပြောကြားလိုက်ပါတယ်။

 

ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO)ရဲ့ မိတ်ဖက်အဖွဲ့တွေဖြစ်တဲ့ နိုင်ငံတကာသူနာပြုကောင်စီ (ICN)Nursing Now အဖွဲ့တို့နဲ့အတူ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကျန်းမာရေးစနစ်မှာ အဓိက ကျောရိုးနေရာကနေ သူနာပြုတွေက ပါဝင်နေကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ရှေ့တန်းကနေပါဝင်နေတာ သူနာပြုများဖြစ်ကြောင်း၊ သူတို့က ကမ္ဘာကြီး ကျန်းမာအောင် ထောက်ပံ့ပေးနေကြကြောင်း  WHO  အကြီးကဲ တက်ရို့ အက်ဟာနန် က ပြောကြားပါတယ်။

 

88

 

ထုတ်ပြန်ချက်တွင် ကမ္ဘာပေါ်မှာ သူနာပြု ဦးရေ ၂၈ သန်း နီးပါးရှိတယ်။ ၂၀၁၈ခုနှစ်အထိ ငါးနှစ် အတွင်း သူနာပြုဦးရေ ၄.၇ သန်း တိုးခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် သူနာပြုဦးရေ ၅.၉ သန်း လိုအပ်နေသေးကြောင်း အထူးသဖြင့်  အာဖရိက၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းက ဆင်းရဲတဲ့ နိုင်ငံတွေနဲ့  တောင်အမေရိက နိုင်ငံ အချို့ မှာ သူနာပြုဦးရေ လိုအပ်နေကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

အဲဒီထုတ်ပြန်ချက်မှာ သူနာပြုမွေးထုတ်ပေးတဲ့ ပညာရေး၊ အလုပ်အကိုင် နဲ့ ခေါင်းဆောင်မှုနေရာတွေ မှာ  ပိုပြီး ရင်းနှီးမြုပ်နှံရန် တိုက်တွန်းထားပါတယ်။

 

နိုင်ငံတကာသူနာပြုကောင်စီ (ICN)မှာ မစ္စတာ ကော့်တွန်က သူနာပြုအင်အားနည်းပါးတဲ့အတွက်၊ ရောဂါကူးစက်နှုန်းများခြင်း၊ ဆေးဝါးမှားယွင်းမှုဖြစ်ခြင်း၊ လူနာသေဆုံးမှုများခြင်းတို့ကို ဖြစ်စေပြီး သူနာပြုတွေလည်း ပိုမို ပင်ပန်းစေကြောင်း ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ထိန်းချုပ်ရေးမှာပါဝင်တဲ့ ကျန်းမာရေးလုပ်သား ၁၀၀ နီးပါးသေဆုံးရာတွင် အီတလီနိုင်ငံမှ သူနာပြု ၂၃ ဦးပါဝင်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် အီတလီနိုင်ငံမှာ ကျန်းမာရေးလုပ်သားတွေရဲ့ ၉ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရပြီး စပိန်နိုင်ငံမှာတော့ ၁၄ ရာခိုင်နှုန်းအထိ ကူးစက်ခံထားရကြောင်း နိုင်ငံတကာသူနာပြုကောင်စီ (ICN) ကလည်း ပြောပါတယ်။

 

MDN

ကိုးကား - AFP