၁၈ မတ်

 

ကမ္ဘာတစ်ဝှမ်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၇၅ ဦးမှ ၇၄၂၆ ဦး အထိ ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သော နေ့စဉ်အခြေအနေ အစီရင်ခံစာအရ သိရသည်။

 

ယမန်နေ့မနက်ပိုင်းက ထုတ်ပြန်ခဲ့သော သတင်းအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၉၁၁၂ ဦးရှိကြောင်း ယခင်နေ့နှင့်နှိုင်းယှဉ်ပါက ရောဂါကူးစက်မှု ၁၁၅၂၆ ဦး တိုးလာပြီး တရုတ်နိုင်ငံ ပြင်ပ ရောဂါကူးစက်မှု ၁၁၄၈၇ ဦးရှိကြောင်း သိရသည်။

 

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု၏ ဗဟိုအချက်အချာဖြစ်သော ဉရောပဒေသတွင် ယမန်နေ့မနက်ပိုင်းက ရောဂါဖြစ်ပွားမှု ၈၅၀၇ ဦး အထက်ရှိကြောင်း၊ ရောဂါကူးစက်ခံရသူ  ၆၄၁၈၉ ဦး တွင် ၃၁၀၈ ဦး သေဆုံးခဲ့ကြောင်း  ယမန်နေ့မနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

 

ရောဂါကူးစက်ခံရသူ ၂၀၀၀ကျော်စီရှိသော ဉရောပနိုင်ငံများဖြစ်သည့် အီတလီ၊ စပိန်၊ ပြင်သစ်၊ ဂျာမနီ နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် ကူးစက်ခံရသူပေါင်း ၅၂၀၀၀ နီးပါးရှိသည်ဟု ဖော်ပြထားသည်။

 

ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ပြီး အရေးပေါ်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများကို အတူတကွလုပ်ဆောင်ရန် ကတိကဝတ်ပြုထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို