၁၁ ဧပြီ
သေဆုံးသူ ၁၀၃,၀၀၀ ကျော်
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်ခံရသူ ၁.၆ သန်းရှိပြီး သေဆုံးသူဦးရေ ၁၀၃,၆၃၈ ဦးရှိကြောင်း ဧပြီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဉရောပနိုင်ငံတွေမှာ သေဆုံးသူ အရေအတွက် ၇၀,၂၀၀ ရှိရာ အီတလီနိုင်ငံမှာ ၁၈,၇၆၁ ဦး၊ စပိန်နိုင်ငံမှာ ၁၆,၃၅၃ ဦးနဲ့ ပြင်သစ် ၁၃,၁၉၇ ဦးရှိကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံမှာ လူပေါင်း ၃၅,၀၉၈ ဦး ရောဂါပိုးကူးစက်ခံရတဲ့အတွက် စုစုပေါင်း ရောဂါကူးစက်ခံသူ ၅၀၃,၁၇၇ ဦးကြောင်း ဧပြီ ၁၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အသွားအလာ ပိတ်ဆို့မှု
အီတလီနိုင်ငံမှာ အသွားအလာပိတ်ဆို့မှု ရက်ကို ဧပြီ ၁၃ ရက်နေ့မှ မေ ၃ ရက်အထိ တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။
အိုင်ယာလန်နိုင်ငံ မေ ၅ ရက်အထိ
ပေါ်တူဂီနိုင်ငံမှာ အရေးပေါ်အခြေအနေကို မေ ၁ ရက်နေ့အထိ
တူရကီနိုင်ငံမှာ အိမ်တွင်းမှာ ၄၈ နာရီ နေထိုင်ဖို့ မြို့ ၁၁ မြို့က သောကြာနေ့ သန်းခေါင်ယံမှ စတင်မယ်လို့ သိရပါတယ်။
မော်စကို မြို့တော်ဝန်က လိုအပ်တဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကို ပြဋ္ဌာန်းသွားမယ်လို့ပြောပါတယ်။
ဘုရားဝတ်ပြုမယ့် သူမပါတဲ့ အီစတာ
အရှေ့လယ်ပိုင်းဒေသ၊ ဉရောပနဲ့ အာရှဒေသမှာ အီစတာပွဲတော်ကို ဘုရားဝတ်ပြုမပါဘဲ ကျင်းပမှာဖြစ်ပါတယ်။
ယီမင်မှာ ပထမဆုံး ရောဂါပိုးတွေ့ရှိသူ
စစ်ပွဲကြောင့် အစိတ်အစိတ် ကွဲနေတဲ့ ယီမင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ပထမဆုံးတစ်ယောက်ကို တွေ့ရှိကြောင်း သိရပါတယ်။
ပြင်သစ်လေကြောင်းလိုင်း မှာရောဂါပိုးတွေ့ရှိ
ပြင်သစ်လေကြောင်းလိုင်း Charles de Gaulleရဲ့ လေယာဉ်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၀ ဦး စစ်ဝန်ကြီးဌာနမှ ပြောပါတယ်။
MDN
ကိုးကား- AFP


