၃၀ မတ်

 

ကိုရိုနာဗိုင်းရပ်စ် COVID-19 နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းများကို စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။

 

-ပုပ်ရဟန်းမင်း ကလည်း စစ်ပွဲရပ်စဲရန် မေတ္တာရပ်ခံ-

ပုပ်ရဟန်းမင်း ဖရန့်စစ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မေတ္တာရပ်ခံချက်ဖြစ်တဲ့ ကမ္ဘာတစ်ဝန်းက စစ်ပွဲတွေ ချက်ချင်း အပစ်ခတ်ရပ်စဲရန် တောင်းဆိုချက်အတိုင်း အပစ်ခတ်ရပ်စဲကြဖို့ ပြောဆိုလိုက်ပါတယ်။

 

-စပိန်နိုင်ငံ အခြေအနေဆိုးရွား-

စပိန်နိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၈၃၈ ဦး ရှိကြောင်း ထုတ်ပြန်တဲ့အတွက် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် သေဆုံးသူ ဒုတိယအများဆုံး ဖြစ်လာပါတယ်။ ရောဂါပိုးကူးစက်ခံရသူ ၈၁,၄၇၀ ဦး ရှိလာစဉ်မှာ သေဆုံးသူဟာလည်း ,၈၀၃ ဦးအထိ ဖြစ်လာကြောင်း မတ် ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စပိန်အစိုးရက အရေးမကြီးတဲ့ကိစ္စမရှိပါက အပြင်မထွက်ရန်နဲ့ အလုပ်သမားတွေကိုလည်း အိမ်မှာပဲ သီတင်းနှစ်ပတ်တိတိနေရန် တင်းကျပ်တဲ့တားမြစ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

 

-အစားအစာအတွက် စိုးရိမ်တကြီးဖြစ်နေ-

အီတလီနိုင်ငံ ဆစ်စလီကျွန်းပေါ်မှာ လုယက်မှု ဖြစ်ပွားကြောင်း သတင်းတွေရရှိတဲ့အတွက် နံပါတ်တုတ်နဲ့ သေနတ်ကိုင်ထားတဲ့ ရဲတွေက စူပါမားကတ်တွေကို ကာကွယ်နေကြပါတယ်။

 

အီတလီဝန်ကြီးချုပ်က ဆိုင်တွေကနေ အစားအစာ မဝယ်နိုင်တဲ့သူတွေကို ဈေးဝယ်ဘောင်ချာတွေ ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။

 

အီတလီနိုင်ငံရဲ့ အရေးပေါ်အခြေအနေမှာ အစားအစာအတွက် ယူရိုငွေ ၄၄၅ သန်း (အမေရိကန်ဒေါ်လာ သန်း၄၀၀) ရှိကြောင်း သိရပါတယ်။

 

- ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် လူပေါင်း ၃၃,၀၀၀ ကျော် သေဆုံး-

ကိုရိုနာဗိုင်းရပ်စ် COVID 19 ဟာ နိုင်ငံ/ဒေသပေါင်း ၁၉၉ နေရာကို ပျံ့နှံ့သွားတဲ့အတွက်   လူပေါင်း ၇၂၃,၈၆၉ ဦးမှာ ကူးစက်ခံရပြီး လူပေါင်း ၃၄,၀၀၀ ဦးသေဆုံးခဲ့ကြောင်း မတ် ၃၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ကူးစက်ခံရသူ ၁၅၁,၈၃၃ ဦး ကတော့ ပြန်လည် ကျန်းမာ လာခဲ့ပါတယ်။

  • အမေရိကန် ,၄၈၉ ဦး သေဆုံး၊ ၁၄၂,၇၃၅ဦး ရောဂါပိုးကူးစက်ခံရ
  • အီတလီနိုင်ငံတွင် ၉၇,၆၈၉ ဦးမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၁၀,၇၇၉ ဦးသေဆုံး
  • စပိန်နိုင်ငံတွင် ,၈၀၃ ဦးသေဆုံးပြီး ၈၀,၁၁၀ ဦး ရောဂါပိုးကူးစက်ခံ ရကြောင်း သိရ
  • တရုတ်နိုင်ငံတွင် ၈၁,၄၇၀ ဦးမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ,၃၀၄ ဦးသေဆုံး
  • အီရန် ,၆၄၀ ဦးသေဆုံး၊ ၃၈,၃၀၉ ဦး ရောဂါပိုးကူးစက်ခံရ
  • ပြင်သစ် ,၆၀၆ ဦးသေဆုံး ၄၀,၁၇၄ ဦး ရောဂါပိုးကူးစက်ခံရ
  • ဗြိတိန်၁၂၂၈ ဦး သေဆုံး
  • နယ်သာလန် ၇၇၁ ဦး သေဆုံး

 

-ရပ်နား-

  • ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အိမ်ထောင်စု သန်း ၃၀ ကျော်ဆီကို အဖြစ်အပျက်တွေက အကောင်းဘက်ကို ဦးမတည်ခင်မှာ ဆိုးရွားလာဖို့ရှိတယ်လို့ သတိပေး အကြောင်းကြားစာ ပို့ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကြောင့် သေဆုံးသူ ၁၂၂၈ ဦး သို့ရောက်ရှိချိန်မှာ ရောဂါပိုး ကူးစက်ခံရသူဦးရေကလည်း တိုးတက်လာတဲ့အတွက် အားလုံးပိတ်ပင်လိုက်မယ် ဆိုရင် အချိန်တစ်ခု ကြာနိုင်ကြောင်း ပြောပါတယ်။

 

  • ရုရှားနိုင်ငံမှာ အားလုံးကို ပိတ်ပင်ဖို့ မလုပ်ရသေးပေမယ့် ဒီနေ့ (တနင်္လာနေ့)မှာ နယ်စပ်တွေ အားလုံးပိတ်သွားမှာဖြစ်ပြီး လာမယ့် သီတင်းတစ်ပတ်လုံး အလုပ်တွေရပ်နားဖို့ ရှိပါတယ်။ မော်စကိုမြို့တော်ဝန်ကတော့ ဒီကနေ့မှာ မြို့ကို ပိတ်မယ်လို့ ကြေညာထားပါတယ်။

 

  • ဇင်ဘာဘွေနိုင်ငံမှာ ဒီနေ့ကစပြီး ၂၁ ရက်တိတိ နိုင်ငံကို ပိတ်ဆို့သွားမှာ ဖြစ်ပါတယ်။

 

  • အိန္ဒိယဝန်ကြီးချုပ်က ၂၁ ရက်ကြာ နိုင်ငံကို ပိတ်ဆို့လိုက်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်လက်မဲ့ဖြစ်ခဲ့သလို ငွေကြေး တစ်ပြားတစ်ချပ်မှမရှိဘဲ ဖြစ်ခဲ့ရတဲ့အတွက် အပတ်စဉ်ရေဒီယိုကနေ တောင်းပန်စကား ဆိုလိုက်ပါတယ်။

 

အထက်ဖော်ပြပါ အချက်အလက်များဟာ မတ်လ ၃၀ ရက်နေ့တွင်ရရှိသော အချက်အလက်များသာ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP