၂၃ မတ်

ကိုရိုနာ COVID 19ဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့ နောက်ဆုံးသတင်းများကို စုစည်းတင်ပြသွားမှာဖြစ်ပါတယ်။ 

-အိမ်တွင်းမှာ နေရန်-

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ COVID 19ဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့အတွက် လူပေါင်း သန်း ၉၀၀ လောက်ဟာ အိမ်တွင်းမှာဘဲ နေထိုင်နေရကြောင်း သိရပါတယ်။ 

အစိုးရတွေက လူတွေကို အိမ်ထဲမှာ နေထိုင်အောင် ကာဖျူးကြေညာပြီး အိမ်ထဲမှာ နေရအောင် လုပ်ဆောင်တာမျိုး အထိ လုပ်လာတာကို တွေ့ရပါတယ်။ 

•    အမေရိကန်နိုင်ငံရဲ့ လူဉီးရေ သုံးပုံတစ်ပုံဟာ အိမ်ထဲမှာ နေနေရ

•    ဗြိိတိန်နိုင်ငံမှာ ၁.၅ သန်း သောလူတွေဟာ ဗိုင်းရပ်စ်ပိုးကူးစက်မခံရအောင် အိမ်တွင်းမှာ ရှိနေ

•    ဂရိနိုင်ငံမှာ မတ် ၂၃ မှ စပြီးတစ်နိုင်ငံလုံးကို အသွားအလာ ရပ်ဆိုင်းအောင်လုပ်ဆောင်မယ်လို့သိရ

•    အီရတ်နိုင်ငံမှာ ကာဖျူးကြေညာထား

•    ဂျာမနီဝန်ကြီးချုပ်ဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ ဆရာဝန်တစ်ဉီးနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟာ သီးသန့်ခွဲခြားနေရ

•    လက်တင်အမေရိက နိုင်ငံတွေဖြစ်တဲ့ ဗင်နီဇွဲလား၊ အာဂျင်တီးနား၊အယ်လ်ဆာဗာဒို နဲ့ ဘိုလီဗီးယားနိုင်ငံတွေမှာ သီးသန့် နေထိုင်နေကြပြီးဖြစ်ပြီး ကိုလံဘီယာနိုင်ငံကတော့ မတ် ၂၄ မှာ စတင်ပြီး သီးသန့်နေထိုင်မှုကို စတင်မှာဖြစ်ပါတယ်။

•    ဘရာဇီးနိုင်ငံ ဆာပါလို ပြည်နယ်ဟာ မတ် ၂၄ က စပြီး ၁၅ ရက် သီးသန့်ခွဲခြားနေထိုင်ရမှာဖြစ်ပါတယ်။

•    အာဖရိက နိုင်ငံတွေဖြစ်တဲ့ တူနီးရှားနဲ့ ရဝမ်ဒါနိုင်ငံမှာ အိမ်ထဲမှာ နေထိုင်ဖို့ ဆော်ဩထား 

-သေဆုံးမှု-

ကိုရိုနာ COVID 19ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံဒေသပေါင်း ၁၉၂ နေရာကို ပျံ့နှံ့သွားရာ  လူပေါင်း ၃၄၁,၅၂၉ ဦးမှာ ကူးစက်ခံရပြီး လူပေါင်း ၁၄,၇၄၈ဦးသေဆုံးခဲ့ကြောင်း မတ် ၂၃ ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။ 

•    အီတလီနိုင်ငံတွင် ၅၉,၁၃၈ဦး မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၅,၄၇၆ ဦးသေဆုံး 

•    တရုတ်နိုင်ငံတွင် ၈၁၀၉၃ ဦးမှာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၃,၂၇၀ ဦးသေဆုံး

•    စပိန်နိုင်ငံတွင် ၁၈၁၃ ဦးသေဆုံး

•    အီရန် ၁၆၈၅ ဦးသေဆုံး

•    ပြင်သစ် ၆၇၄ ဦးသေဆုံး

•    အမေရိကန် ၄၅၈ ဦး သေဆုံး 

-နယ်စပ်ဝင်ပေါက်တွေပိတ်-

•    အိုင်ဗီကို့စ် နိုင်ငံနဲ့ ဘူကီနာဖာဆို နယ်စပ်ဂိတ်ကို ရုံးပိတ်ရက်က စတင်ပြီး ပိတ်ထားသလို ရဝမ်ဒါနဲ့ ကွန်ဂို နယ်စပ်ဝင်ပေါက်ကိုလည်း ပိတ်ထားပါတယ်။

•    ဘရာဇီးနိုင်ငံက ဒီနေ့ကစပြီး ဉရောပ၊ ဩစတြေးလျနဲ့ အာရှနိုင်ငံအချို့မှာ လာရောက်လည်ပတ်မှုကို ပိတ်ပင်မှာ ဖြစ်ပါတယ်။

•    ကျူးဘားနိုင်ငံက သူ့နိုင်ငံမှာ နေထိုင်သူမဟုတ်သူတွေကို ဝင်ခွင့်ပိတ်ပင်

•    ရိုမေးနီးယားနိုင်ငံက နိုင်ငံခြားသားတွေကို နိုင်ငံတွင်းဝင်ခွင့်ပိတ်ပင်

-နိုင်ငံတွင်းက တင်းကျပ်တဲ့ စည်းမျဉ်းများ-

•    ဂျာမနီနိုင်ငံမှာ လူနှစ်ဦးထပ်ပို မစုရ

•    ပြင်သစ်နိုင်ငံမှာ မြို့တော်တော်များများမှာ ကာဖျူးထုတ်ပြန်ထား

•    ဩစတြေးလျနိုင်ငံမှှာ နိုင်ငံခြားသားတွေကို နိုင်ငံဝင်ခွင့်ပိတ်ပင်ထားပြီး နိုင်ငံသားတွေကို နိုင်ငံတွင်းခရီးစဉ်က စပြီး ပယ်ဖျက်ရန် အကြံပေးထား

•    ထိုင်းနိုင်ငံမှာ လူအများစုဝေးတဲ့နေရာတွေကို ပိတ်ထား၊ ဈေးဝယ်ကုန်တိုက်တွေ၊ အလှပြင်ခန်းမတွေ၊ ဂေါက်ကစားကွင်း နဲ့ ရေကူးကန်တွေ အားလုံးကို ပိတ်ထား

•    အိန္ဒိယနိုင်ငံမှာ ကာဖျူးထုတ်ပြန်ထား

•    လူဦးရေ သန်း၂၀၀ နီးပါရှိတဲ့ အာဖရိကရဲ့ လူဦးရေ ထူထပ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ ဘာသာရေး၊လူမှုရေး စုရုံးမှုမှာ လူ ၅၀ ဦးထက်ပိုပြီး စုရုံးခွင့်မရှိ

•    ပြင်သစ်နိုင်ငံမှာ ကျန်းမာရေး အရေးပေါ်အခြေအနေကြေညာထားသလို စပိန်နိုင်ငံကလည်း အရေးပေါ်အခြေအနေကို ဧပြီ ၁၁ ရက်နေ့အထိ တိုးမြှင့်ပေးရန် လွှတ်တော်ကို တောင်းခံထား 

ဖော်ပြပါ အချက်အလက်များဟာ မတ်လ ၂၃ ရက်နေ့တွင် ရရှိသော အချက်အလက်များသာဖြစ်ပါတယ်။

MDN
ကိုးကား - AFP