ကမ္ဘောဒီးယားနိုင်ငံအန်ကောဝပ်ဉယျာဉ်သို့ ယခုနှစ်ပထမသုံးလပတ်အတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၄၇ ရာခိုင်နှုန်း မြင့်တက်

ဧပြီ ၂

ကမ္ဘောဒီးယားနိုင်ငံ၏ထင်ရှားသောအန်ကောဝပ်ရှေးဟောင်းဉယျာဉ်သို့ ၂၀၂၄ ခုနှစ် ပထမသုံးလတာကာလအတွင်း နိုင်ငံခြားခရီးသွား ၃၄၇၅၃၄ ဦး ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလက ခရီးသွား ၂၃၆၃၄၁ ဦး ဝင်ရောက်ခဲ့သဖြင့် ယခုနှစ်ခရီးသွားဝင်ရောက်မှု ၄၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှမတ်လအတွင်း အန်ကောဝပ်ဉယျာဉ်သည် လက်မှတ်ရောင်းချရမှုမှအမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းဝင်ငွေရရှိခဲ့သည်။ အဆိုပါဝင်ငွေရရှိိမှုသည် လွန်ခဲ့သောနှစ်အလားတူကာလက ဝင်ငွေရရှိမှုမှ ၄၈ ရာခိုင်နှုန်း ပိုမိုခဲ့သည်ဟုလည်း နိုင်ငံပိုင်အန်ကောလုပ်ငန်းမှ သတင်းထုတ်ပြန်ခဲ့သည်။ အန်ကောဝပ်ဉယျာဉ်သည် ဆီရမ်ရိပြည်နယ်တွင် တည်ရှိပြီး ၄၀၁ စတုရန်းကီလိုမီတာကျယ်ဝန်းကာ ကိုးရာစုမှ ၁၃ ရာစုနှစ်အထိတည်ဆောက်ခဲ့သော ရှေးဟောင်းဘုရားကျောင်း ၉၁ ခုရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို