ဖနောင်ပင် ဇန်နဝါရီ  ၄

ကမ္ဘောဒီးယားနိုင်ငံ၏  ကျော်ကြားသော  အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သို့ ၂၀၂၅ ခုနှစ် အတွင်း တရုတ်ကမ္ဘာလှည့်ခရီးသည်စုစုပေါင်း   ၈၀၁၄၄   ဦး လာရောက်လည်ပတ်လျက်ရှိရာ ၂၀၂၄ ခုနှစ်ကထက် ၃   ရာခိုင်နှုန်း   လျော့နည်းကြောင်း   တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူအင်န်အီးအက်စ်စီအို) စာရင်းဝင် ကမ္ဘာ့အမွေအနှစ်ဒေသသို့ နိုင်ငံတကာခရီးသွားလာရောက်မှုမှာ အမေရိကန် ပြည်ထောင်စု၊ ယူကေနှင့်    ပြင်သစ်နိုင်ငံတို့ပြီးနောက်    စတုတ္ထမြောက် အကြီးဆုံးအရင်းမြစ်ဖြစ်ကြောင်း    နိုင်ငံပိုင်အန်ကော ဝပ်အင်တာပရိုက်စ်က ပြောကြားသည်။

အဆိုပါဥယျာဉ်သည် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံနှင့် ဒေသပေါင်း ၁၉၇ ခုမှ နိုင်ငံခြား ခရီးသွားစုစုပေါင်း  ၉၅၅၁၃၁ ဦးကို ဆွဲဆောင်နိုင်ခဲ့ရာ ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၇ သန်း ရရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်သည် ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းကဏ္ဍအတွက် ခက်ခဲသည့်နှစ် တစ်နှစ်ဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့အနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို အမြစ်ပြတ်အောင် မပြုလုပ်လျှင်  ၂၀၂၆  ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍအတွက်  စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေမည်ဖြစ်ကြောင်း    ပစိဖိတ်အာရှခရီးသွားအသင်း    ကမ္ဘောဒီးယားဌာနခွဲ၏   ဥက္ကဋ္ဌ သောင်းဆီနန်းက ပြောကြားသည်။

နိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ယိပြည်နယ်၌ တည်ရှိသည့် အန်ကောရှေးဟောင်းသုတေသန ဥယျာဉ်သည် အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအတွင်း    အကျော်ကြားဆုံး ခရီးသွားနေရာတစ်ခုဖြစ်ပြီး  ကိုးရာစုမှ  ၁၃  ရာစုအထိ တည်ဆောက်ထားသည့် ရှေးဟောင်းဘုရား ကျောင်း ၉၁ ခုရှိကြောင်း သိရသည်။                     

ဆင်ဟွာ