ဩဂုတ် ၂၆
ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်နေ သော တော်ခရမ်းအနောက်ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း အခြေအနေများကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များနှင့်အတူ ကျွန်းချောင်းကျေးရွာရှိ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆပ်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ရွာသားများနှင့် တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းသည် အရှည် ၄၅၆ပေ၊ အကျယ် ၇ပေ၊ ဒု ၆လက်မ ရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် သိန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေကျပ် သိန်း(၂၀)၊ စုစုပေါင်း ရန်ပုံငွေ ကျပ်သိန်း (၁၇၀)ကို အသုံးပြုကာ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လုပ်ငန်း အားလုံး၏ ၄၀ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ကျွန်းချောင်းကျေးရွာရှိ ကျေးလက်နေပြည်သူများအတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်


