ကွမ်းခြံကုန်း စက်တင်ဘာ ၃၀

 

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၅)ကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့က ဖွင့်လှစ်သည်။

 

ဖွင့်ပွဲတွင် ကွမ်းခြံကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်က အမှာစကားပြောကြားသည်။

 

တက်ရောက်

သင်တန်းဖွင့်ပွဲသို့ ကွမ်းခြံကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ၁၀၇ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)