ကန့်ဘလူ ၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဂါထာကျေးရွာအုပ်စု ဆားတွင်းကြီးကျေးရွာရှိ အိမ်ထောင်စု ၅၇ စုအား တစ်အိမ်ထောင်လျှင် ဂါလန် ၁၀ဝ ဆံ့ ကွန်ကရစ် မိုးရေခံကန်၊ အဖုံး၊ ရေတံလျှောက်၊ ရေပိုက်များအား မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှူး ဦးကျော်ဝင်းရွှေက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ မတ်လနောက်ဆုံးပတ်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၇ ခုနှစ်တွင် စံပါယ်နံသာကြိုးဝိုင်း အကွက် အမှတ်(၉၆/၉၇/၉၈/၁၀၄/၁၀၅/၁၀၆) အတွင်း ကာကွယ်ထိန်းသိမ်းထားသည့် သဘာဝတောထိန်း ၂၀ဝ၀ ဧက၊ ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း ၂၀ဝ ဧကမှ ထွက်ရှိသော ထင်း ၁၄ ဒသမ ၂၆ တန်အား စံပါယ်နံသာကျေးရွာရှိ အိမ်ထောင်စု ၂၅၂ စုကို တစ်အိမ်ထောင်လျှင် သုည ဒသမ ၅၇ တန်အား စံပါယ်နံသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်သိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ခုလုံး မိုးမခေါင်ရေမရှားဘဲ စိမ်းစိမ်းစိုစိုနှင့်သာယာဝပြောပြီး ဒေသခံပြည်သူများ၏လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ရည်မှန်း၍ အပူပိုင်းဒေသစိမ်း လန်းစိုပြည်လာစေရန်၊ ရေ၊ မြေ၊သဘာဝဝန်းကျင်ကိုထိန်းသိမ်းရန်၊ ကျေးလက်ပြည်သူများ၏ အခြေခံသစ်တောထွက် ပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့် အနှစ်သာရကို ဒေသနေပြည်သူများသိရှိစေရန်၊သဘာဝန်းကျင်ထိန်းသိမ်းရေး ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ပြည်သူ လူထုအသိပညာမြင့်တက် လာရန်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာရန်၊ ရာသီဥတုကောင်းမွန်းလာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်နှင့် သဲကန္တာရဖြစ်ထွန်းမှုကို ကာကွယ်ရန် စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးကျော်ဝင်းရွှေက ပြောကြားသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


