ကန့်ဘလူ  အောက်တိုဘာ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌  နိုင်ငံ့ဝန်ထမ်းများ စားအုန်းဆီများကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့က  ကြီးကြပ်၍ ဆီလုပ်ငန်းရှင်များ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့သည်။

အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာ၌  နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိစေရန်နှင့် သက်သာသော နှုန်းထားဖြင့် စားအုန်းဆီများကို   စနစ်တကျဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာ ငွေကျပ် ၈၆၀၀  နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)